သတင်းများ

တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၁၉)အခြေခံပညာ မူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း အချိန်က အဆိုပါကျောင်းအားကစားကွင်းအတွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့ (၁၀)နာရီအချိန်က ဝါးရခိုင်ကျေးရွာနှင့် နေ့လည် (၁)နာရီအချိန်က သစ်တိုဆိပ်ကျေးရွာတို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ ကျင်းပသည်။
ကြံခင်းမြို့ အ.ထ.က(၁)ကျောင်း၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆရာ မိဘ တွေ့ဆုံဆွေးနွေး
Jan 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆရာ မိဘတွေ့ဆုံဆွေးနွေးကြသည်။
တာမွေမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ်ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းပျဉ်းမြို့တွင် သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ကျောင်းလုံပရိယတ္တိ စာသင်တိုက်တွင် သံဃာတော်များ ပရိဝါသ်ဆောက်တည်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၂)နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံ​တေးမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
Jan 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပသီကျေးရွာအုပ်စု၊ ပသီကျေးရွာတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အသက် ၁၈ နှစ်အထက်နိုင် မရှိသူများကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ပသီကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၃၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Jan 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တတိယ(၃)လပတ် (ဧပြီလမှ ဒီဇင်ဘာလကုန်အထိ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပေါင်း ၃၁၆ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။