စစ်ကိုင်း ဇန်နဝါရီ ၁၈
ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တွင် မြန်မာ့ရိုးရာ (အခြေခံ၊ အဆင့်မြင့်) သိုင်းပညာသင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး ဦးစိုးကြည်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအေးကိုကိုမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပြီး ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြန်မာ့သိုင်းစွမ်းရည်များ သရုပ်ပြသ ပေးခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာ (အခြေခံ၊ အဆင့်မြင့်) သိုင်းပညာသင်တန်းကို ဇန်နဝါရီလ (၂) ရက်နေ့မှ (၁၇) ရက်နေ့အထိ (၁၅) ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၄၆၈) ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်( ပြန်/ဆက်