ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ဆေးဝါးသိပ္ပံပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁

ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ဆေးဝါးသိပ္ပံပညာပထမနှစ် (၁၁/၂၀၂၄) သင်တန်း  မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ် အဆိုပါတက္ကသိုလ် ရှိဘက်စုံသုံးခန်းမဆောင်တွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခနှင့်ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ‌ဆရာမများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ပထမနှစ်သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားကို ဂုဏ်ယူဝင့်ကြွား တို့ဆေးဝါး သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဆေးဝါးတက္ကသိုလ်-မန္တလေးပါမောက္ခချုပ် ပါမောက္ခ ‌ဒေါက်တာသိန်းမေစောမှ နူတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ဆေးဝါးသိပ္ပံသင်တန်း ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးမှ ကြိုဆိုလက်လမ်းစကား ပြောကြားပြီးနောက် ဆေးဝါးသိပ္ပံပညာ ပထမနှစ်သင်တန်းမှ မောင်မယ်သစ်လွင်များကိုယ်စား ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုနောက် မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် ဝန်ကြီးများက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်ဆယ်သိန်းကို ဆေးဝါးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်၊ ပါမောက္ခထံသို့ ပေးအပ်ချီးမြှင်ခဲ့ပြီးနောက် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုအက၊ တိုင်းရင်းသားရိုးရာအက၊ အလှများ၊ ခေတ်သီချင်းများဖြင့် ကပြဖျော်‌ဖြေမှုများကို ကြည့်ရှု့အားပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးစွာ လိုက်လံနူတ်ဆက်ခဲ့ပြီး ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အစီအစဉ်များအတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်