မန္တလေးနည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားများ ကျင်းပ

ချမ်းအေးသာစံ ဇန်နဝါရီ ၁၈

မန္တလေးနည်းပညာတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် စုဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မန္တလေးနည်းပညာ တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)၊ နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းရင်းသားအကများ ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားအကများနှင့် တေးသရုပ်ဖော်သီဆိုကပြမှုများကို ကြည့်ရှုအားပေး၍ ကပြဖျော်ဖြေခဲ့သည့် အဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်