သတင်းများ

ဘိုကလေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယနေ့နံနက် (၈) နာရီ အချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။
ဖျာပုံမြို့၌ Big catch up အမှီလိုက်ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၁) နှစ်မှ (၅) နှစ်အထိ ကလေးငယ်များအား Big catch up အမှီလိုက်ကာကွယ်ဆေးများအား ယနေ့နံနက် (၁၀) နာရီအချိန်ကဖျာပုံမြို့နယ်အတွင်း စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
(၆၃) ကြိမ်မြောက် ဇလွန်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီး ကျင်းပရေး လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်သည့် အစည်းအဝေးပြုလုပ်
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှေးယခင်ဆရာတော်ကြီးများ၏ လမ်းညွှန်သြဝါဒအတိုင်း သာသနာတော်သုံးရပ် အရှည်တည်တံ့ခြင်း၏ ရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွား၍ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ (၆၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ နုဂ္ဂဟစာမေးပွဲကြီးကျင်းပရေး သြဝါဒစရိယ နာယကဆရာတော် ဘုရားကြီးများထံမှ သြဝါဒခံယူခြင်းနှင့် စာမေးပွဲကြီးကျင်းပရေး လုပ်ငန်းတာဝန်များ ခွဲဝေပေးအပ်သည့် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မဟာအတုလဝေယံသာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့သည်။
အရာတော်မြို့၌ Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ တိုက်ကျွေး
Jan 20,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆာဆာကာဝါခန်းမတွင် အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် လိုအပ်သောကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီမှ စတင်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ပေါင်းတည်၌ နွေစပါး ၂၆၀၁၀ ဧက လျာထားစိုက်ပျိုးရန် စိုက်ပျိုး​ရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ခု နှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီလ  ၁ ရက်နေ့တွင် စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း သဘာဝမြေဇာဖြင့် စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြသည်။
တံတားမြို့တွင် ကျောင်းသားကျောင်းသူများအသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပသော ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က တံတားမြို့အ.မ.က(မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်၌ ဓမ္မာလင်္ကာရ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်၊ ဘုရင့်နောင်ရှိ ဓမ္မာလင်္ကာရပရိယတ္တိစာသင်တိုက်ရှိ မဟာသဒ္ဓမ္မဇောတိကဓဇကျောင်းဆောင်တွင် ကျောင်းသား၊ကျောင်းသူများ ယဉ်ကျေးလိမ္မာသော သားငယ်၊သမီးငယ်များ ဗုဒ္ဓဘာသာအကြောင်း သိရှိစေရန်အတွက် ဓမ္မာလင်္ကာရ ဓမ္မစကူးလ်သင်တန်းဆင်းပွဲကို ယမန်နေ့ နေလည်၁၂ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပတ်၀န်းကျင်ထိန်းသိမ်း‌‌ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အ.ထ.က(၂)ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။