ရေတာရှည်မြို့နယ်၌ ရပ်ကွက်အတွင်း နေအိမ်များတွင် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Sep 03,2024
မိုးရာသီအချိန်တွင် ခြင်များဥ၍ ပေါက်ဖွားကာ ခြင်များပေါသည့် အချိန်ဖြစ်သလို သွေးလွန်တုပ်ကွေး ငှက်ဖျားဖြစ်တတ်သည့် ရာသီလည်းဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ဖျက်ရေးဌာနတို့ပူးပေါင်း၍ ခြင်ဆေးဖျန်းခြင်းများကို ယနေ့နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက် စဥ့်ကူးလမ်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။