သတင်းများ

ဒေးဒရဲမြို့နယ်၌ Big catch- up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များအား ရှင်းလင်းဆွေးနွေး
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများတွင် ကာကွယ်ဆေးဖြင့် ကာကွယ်ရသောရောဂါ ဖြစ်ပွားသေဆုံးမှုအား လျော့ချရန်၊ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးများနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ အကြိမ်ပြည့် မရရှိသေးသည့် ကလေးများအား ကာကွယ်ဆေးအကြိမ်ပြည့်ရရှိရေးရည်ရွယ်၍ အသက် (၁)နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Big Catch- Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း အစီအစဥ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူ ငယ်တွေနှင့်အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Book Club) အဖွဲ့နှင့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာရေးဆရာ အောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့်အခြား ဆောင်းပါးများ စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် Big catch up အမှီလိုက်ကာကွယ်ဆေး စတင်ထိုးနှံ
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီ အချိန်၌ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား Big catch up အမှီလိုက်ကာကွယ်ဆေးများအား မြို့နယ်အတွင်း စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
လက်ပံတန်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စကားပုံဆက်ပြိုင်ပွဲကျင်းပ
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားလူငယ်များ မြန်မာ့စာပေဗဟုသုတကြွယ်ဝလာစေရေးအတွက်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအား ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ခဲ့ကြသည်။
ဖြူးမြို့နယ်၊ ကွာရီကျေးရွာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာအခြေခံ ပညာမူလတန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စာသင်ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ရှေးဦးသူနာပြုစုနည်းအတတ်ပညာကို လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ စာသင်ကျောင်းအ‌ခြေပြု ရှေးဦးသူနာပြုစုနည်းအခြေခံ (BASIC FIRST AID TRAINING) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို ဖွင့်လှစ်ကြောင်း သိရသည်။
ပဲခူးမြို့ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (စတုတ္ထအကြိမ်)ဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်
Jan 20,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး သြဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြသည်။