သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Sep 04,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ်စေဘဲ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးစိတ်များမျိုးပြုန်း မှုမရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်စေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား စိုက်ထည့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို သရက်မြို့ဇက်ဆိပ်တွင် ဆောင်ရွက်ခဲ့သည်။