သတင်းများ

သထုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 20,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အောက်ကျင်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကျွန်းစုမြို့နယ်ရုံး ဝန်ထမ်းများအားတွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး
Jan 20,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူ များသည် ယမန်နေ့က ကျွန်းစုမြို့နယ် ရုံးဝန်ထမ်းများအား တွေ့ဆုံခဲ့ပြီး မြို့နယ်ရုံးတည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အလုံမြို့နယ်၌ (၉၄)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် အလုံမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓသာသန့ာနုဂ္ဂဟဆွမ်းကြီးလောင်းအသင်းမှ ကြီးမှူးကျင်းပသော (၉၄)ကြိမ်မြောက် ဆွမ်းကြီးလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးမွေးမှုအား ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီက ဝေဘာဂီလမ်းတွင် ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း စတုတ္ထအကြိမ်နှစ်ပတ်လည်ညီလာခံနှင့် တိုင်းအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကျင်းပ
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၂၀၂၅ ခုနှစ် စတုတ္ထအကြိမ်နှစ်ပတ်လည် ညီလာခံနှင့်တိုင်းအလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယ‌မန်နေ့မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ်ကြီးငါးကြီးဆုတောင်းပြည့်ဘုရားရင်ပြင်တော်၌ ကျင်းပသည်။
မိတ္ထီလာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်လေ့ကျင့်ခြင်းများဆောင်ရွက်
Jan 20,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်‌တွေ့မီးငြှိမ်းသတ်လေ့ကျင့်ခြင်းများကို ဝန်ဇင်းရပ်ကွက်ရှိ ဆည်မြောင်းနှင့် ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(၂)ရုံး စက်မှုအလုပ်ရုံအဆင့်(ခ) စက်မှု တိုင်း(၄) ရုံးတွင်ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဆန်း၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်ပ
Jan 20,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကမ်းလက်စာပေအဖွဲ့ (Beacon)ကစီစဥ်သည့် "ခြယ်သူမဲ့အဖြူရောင်နှင့် ခွန်အားရှိသော ကမ်းလက်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Jan 20,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၆)မင်းတဲရပ်ကွက်ရှိ ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိ ဓမ္မာနုဂ္ဂဟစာအောင် ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Jan 20,2025
ဗုဒ္ဓမြတ်စွာသာသနာတော်၏ အရင်းမူလရေသောက်မြစ်ဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားထွန်းကား၍ ပရိယတ္တိအကျော်သံဃာတော်များ စဉ်ဆက်မပြတ်ပေါ်ပေါက်စေရန် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက် မေးပွဲကျင်းပခြင်းနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပပူဇော်ခြင်းအခမ်းအနားကို ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပပြီးစီးခဲ့သော (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်သံဃာတော်(၁၃)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့်အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပူဇော်သည့် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။