ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စာသင်ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
Jan 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ရှေးဦးသူနာပြုစုနည်းအတတ်ပညာကို လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ စာသင်ကျောင်းအခြေပြု ရှေးဦးသူနာပြုစုနည်းအခြေခံ (BASIC FIRST AID TRAINING) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို ဖွင့်လှစ်ကြောင်း သိရသည်။