ချောက်မြို့၊ အ.ထ.က(၃)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 05,2024
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ကျောင်းစာအပြင်ပြင်ပဗဟုသုတများကြွယ်ဝလာစေရန်၊ ဥပဒေဆိုင်ရာအခြေခံအသိအမြင်၊ ဗဟုသုတများတိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာအချက်အလက်များကို ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အ.ထ.က(၃)ကျောင်းရှိ စိုးမေတ္တာခန်းမတွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။