လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ၀င်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်န၀ါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အလုပ်သမား၀န်ကြီးဌာန၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ၀င်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ယနေ့  နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ အလုပ်သမားဌာနမှ တာ၀န်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ လှိုင်သာယာ(အရှေ့ပိုင်း)မှ စက်ရုံ (၁၀)ရုံ၊ (အနောက်ပိုင်း)မှ (၅)ရုံ၊ အင်းစိန်ခရိုင် (၅)ရုံ၊ မင်္ဂလာဒုံ (၅)ရုံ၊ ဒဂုံမြို့သစ် တောင်ပိုင်း စက်ရုံ (၅)ရုံတို့မှ သင်တန်းသားများ၊ စုစုပေါင်းအင်အား(၆၀)ဦး တက်ရောက်ပြီးသင်တန်းကာလမှာ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့ထိ ၅ ရက်တိုင်တိုင် သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)