ကျိုင်းတုံ ဇန်နဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတား လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦး၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျံလင်း၊ ခရိုင်/မြို့နယ်တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ကျိုင်းတုံမြို့နယ် ကပ်တောင်-ဝမ်ပတ်-ဟိုရမ်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပန်ကွဲ-လွိုင်မွေလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မိုင်းဖြတ်မြို့နယ် ဟောင်ဟင်-နမ့်ကုန်း-အင်ပါကူလမ်း ကျောက်ခင်းခြင်းလုပ်ငန်း၊ ယမ်းခမ်း-ဝမ်လုံး-မကာလမ်းပေါ်ရှိ ကွန်ကရစ်တံတား (၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း၊ တာချီလိတ်မြို့နယ် ဆန်ဆိုင်းမြို့ပတ်လမ်းပြုပြင်ခြင်းလုပ်ငန်းနှင့် လွယ်တော်ခမ်းတံတားပြန်လည်ပြုပြင်နေမှုတို့အား ဇန်နဝါရီ ၁၇ ရက်က ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ ပြီးစီးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)