စေတုတ္တရာ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ မြို့နယ်(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဝါသနာပါသူအမျိုးသမီးငယ်များစုစည်းကာ အခြေခံ (ဇာထိုး/ပန်းထိုး)နည်းသင်တန်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေး၊ လူငယ်များအနေဖြင့် မိမိတို့ဝါသနာကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းလက်မှုပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်နိုင်စေရေး၊ ဒေသတွင်းလက်မှုလုပ်ငန်းများထွန်းကားလာပြီး ဒေသထွက်ကုန်များပေါ်ထွက်လာနိုင်စေရေး၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်လာနိုင်ပြီး မိသားစုဘဝဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးတို့အတွက်ရည်ရွယ်၍ ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် လက်မှုပညာ(ဇာထိုး/ပန်းထိုး ) နည်းပြဆရာမ ဒေါ်နှင်းအိဝေက တစ်ချောင်းထိုး ပုဝါထိုးနည်း၊ ခေါင်းစည်းကွင်းထိုးနည်းအတတ်ပညာများသင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှ၂၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)