သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ
Sep 05,2024
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်ကျရောက်မည့် “ နိုင်ငံတကာစာတတ်မြောက်ရေးနေ့”အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ   ၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက် ဆန်စက်ဝန်းလမ်းနှင့်အမှတ်(၅)လမ်းတို့တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ အမှတ်(၁)ရပ်ကွက် ဆန်စက်ဝန်းလမ်းနှင့်အမှတ် (၅)လမ်းရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယမန် နေ့နံနက်ပိုင်းက  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်ရှိ မိုင်းတုံ-မိုင်းဆတ်သွားလမ်း၊ (၁၆) မိုင်ကျေးရွာအနီး ကတ္တရာခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအ‌ခြေအနေအား ကွင်းဆင်းစစ်‌‌ဆေး
Sep 05,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လမ်းဦးစီးဌာနမှ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ပြည်နယ်ရန်ပုံငွေ (၃၂.၃၆) သန်းဖြင့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း၊ (၁၆)မိုင်ကျေးရွာအနီးရှိ လမ်းအရှည် ၃၃၀ ပေ၊ လမ်းအကျယ် (၁၈) ပေ လမ်းထု (၁၂) လက္မ ကတ္တရာခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်‌နေမှုအခြေအနေကို မြို့နယ်လမ်ဦးစီးဌာနနှင့် မြို့နယ်လမ်းအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြီးစီးမှုအ‌ခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 05,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) သို့ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။
မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ယခုနှစ်မိုးစပါး (၆၄၁၁၂) စိုက်ပျိုးရန်လျာထား
Sep 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄/၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန် (၆၄၁၁၂) ဧကလျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။
ရွှေတောင်မြို့နယ် အ.မ.က (ဖိုးသိန်းတန်) နှင့် အ.မ.က (ကြက်ဖြူတောင်) ကျောင်းတို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က(ဖိုးသိန်းတန်)နှင့် အ.မ.က (ကြက်ဖြူတောင်) ကျောင်းတို့တွင် ယမန်နေ့နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီပါဌာနဆိုင်ရာများပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Sep 05,2024
၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။
ကမ္ဘာ့လှေ‌လှော်လေ့ကျင့်ရေးစခန်းသို့ သွားရောက်လေ့ကျင့်ခြင်းနှင့် အသက် (၁၉) နှစ်နှင့် (၂၃) နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ လှေ‌လှော်အဖွဲ့ချုပ် အပြည်ပြည်ဆိုင်ရာလှေအသင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ
Sep 05,2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Shenyang မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၁၄ ရက်နေ့အထိကျင်းပမည့် ကမ္ဘာ့လှေလှော်လေ့ကျင့်ရေးစခန်း (World Rowing Training Camp) သို့သွားရောက်လေ့ကျင့်ခြင်းနှင့် ၂၀၂၄ ခုနှစ် အသက် (၁၉) နှစ်နှင့် (၂၃) နှစ်အောက် အာရှလှေလှော်ချန်ပီယံရှစ်ပြိုင်ပွဲ (2024 Asian Rowing U-19 & U-23 Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန်