တနိုင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

တနိုင်း ဇန်နဝါရီ ၂၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉:၃၀)က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနား ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ဆက်လက်၍ တနိုင်းခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက လမ်းညွန်အမှာစကား ပြောကြားခြင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကော့ဖန်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းစဉ်ဆုရရှိသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများလည်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးနှင့် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့်ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြခဲ့ကြကြောင်း သိရသည်။

နေလင်းထူး(ပြန်/ဆက်)