သတင်းများ

ပဲခူးတိုင်း​ဒေသကြီးအတွင်းရှိ တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 13,2024
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်း​ဒေသကြီးအတွင်းရှိ တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်
Sep 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာ၊ ဗဟုသုတဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးကိုရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁)နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲနှင့်အတူ ကဏ္ဍစုံနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
ကန့်ဘလူမြို့ အ.ထ.က(၁)၌ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများကျင်းပ
Sep 13,2024
ကန့်ဘလူခရိုင်အတွင်း ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပထမနေ့အဖြစ် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်ရေမြင့်တက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှကွင်းဆင်းကြည့်ရှု
Sep 13,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ စစ်တောင်းမြစ်ရေမြင့်တက်လာမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 13,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကညင်ကုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်၌ “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှု အန္တရာယ်သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲနှင့်​ ဟော​ပြောပွဲကျင်းပ
Sep 13,2024
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်ကမာရွတ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော "ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့ လူငယ်ခေါင်းစဉ်ဖြင့် ​ဟော​ပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၂) အ​ခြေခံပညာအလယ်တန်း​ကျောင်း ပညာတန်​ဆောင်ခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ပြိုင်ပွဲပထမနေ့အဖြစ် ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၅၄)ဦး ဝင်ရောက်ယှဉ်ပြိုင်
Sep 13,2024
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် လူငယ်အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်လာမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးရမည့် ကျောင်းသား ကျောင်းသူများ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းကို စက်တင်ဘာ ၁၁ ရက်၊ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။