တောင်တွင်းကြီး ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်ထားသည့် ပြတိုက်ငယ် (Mini Museum) အတွက် ဝါးစိမ်းနီပန်းချီဆရာများအသင်းမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ပန်းချီကားများ လာရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဝါစိမ်းနီပန်းချီဆရာများအသင်းက ပန်ချီးကားတစ်ချပ်လျှင် တန်ဖိုးငွေကျပ် တစ်သိန်းကျော်ရှိကာ ပန်းချီကားချပ် စုစုပေါင်း ခြောက်ချပ်ပေးအပ်ရာဝန်ရှိသူက လက်ခံရယူသည်။
အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဥ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ်များ၊ လူငယ်လူရွယ်များအား သုတ၊ ရတ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာကြည့်တိုက်အတွင်း ဖတ်ရှုခြင်းအပြင် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင်စေတီများနှင့် သမိုင်းအကျဥ်း၊ တောင်တွင်းကြီးဒေသမှ ရိုးရာအိုးလုပ်ပုံအဆင့်ဆင့် မှတ်တမ်းဓာတ်ပုံများနှင့် ရိုးရာအိုးပြုလုပ်ရာတွင် အသုံးပြုသည့် လက်ခတ်များ၊ စာရေးဆရာကြီး ဦးအောင်သင်း၏ ကိုယ်ရေးအတ္တုပ္ပတ္ထိအကျဥ်း၊ ရှေးခေတ် ဓာတ်ပြားဟောင်းများ၊ အေဒီ ၁ ရာစုမှ ၉ ရာစုအတွင်း အသုံးပြုခဲ့သည့် ပျူခေတ်လက်ရာပါ အုတ်ချပ်များ၊ အင်းဝခေတ်သုံး လက်လုပ်မြေဆေးတံများ၊ ဘိက္ခုပါစိတ် ပါဋိပေထုပ်၊ ကုန်းဘောင်းခေတ်ရေး ပေထုပ်၊ ရွှေစက်တော်သမိုင်းပေထုပ်၊ ပျူခေတ်ပယင်းနားဋောင်း၊ မြန်မာလက်နှိပ်စက်၊ မြန်မာ့ရိုးရာနွားလှည်း၊ ရှေးဟောင်းမြို့ရိုးအုတ်ချပ်များနှင့် ကုန်းဘောင်ခေတ်သုံး ရတနာပုံဒေါင်းဒင်္ဂါးများ၊ ပေလေးပင် ရှင်လေးပါး အတ္တုပ္ပတ္တိ အကျဥ်းချုပ်များ စသည့်တို့ကို အလွယ်တကူ လေ့လာနိုင်ရန် ပြတိုက်ငယ် (Mini Museum) ဖွင်လှစ်ပေးထားလျက်ရှိကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)