တနင်္သာရီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်
Jan 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် လူငယ်စကားဝိုင်းနှင့် သုတ/ရသစာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ကျင်းပခဲ့သည်။