ဖြူးလက်ဆောင်မွန်အနေဖြင့် စျေးကွက်ရှိနေသည့် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်း

ဖြူး ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ​ဖြူးလက်ဆောင်မွန်အနေဖြင့် စျေးကွက်ရှိနေသည့် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်းမှာ ရောင်းအားကောင်း၍ တစ်ခုတည်းသော မိသားစုဝင်​​ငွေအတွက် အဆင်ပြေကြောင်း သိရသည်။

မြေပဲယိုလုပ်ကိုင်ရောင်းချရာမှာ ကြံသကာဖြင့်ပြုလုပ်သည့် မြေပဲယိုကို အဓိကထား လုပ်ကိုင်ကြောင်း၊ အရွယ်အစားအလိုက် ၆၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန်၊ ၁၂၀၀ ကျပ်တန်၊ ၁၄၀၀ ကျပ်တန်များကို အရွယ်အစား ၅ မျိုးလုပ်ကိုင်ပြီး လာဝယ်သူများ၊ ​ပြန်လည်ရောင်းမည့်အဝေးကမှာသူများကိုပါ ဖောက်သည်စျေးဖြင့်ရောင်းကြောင်း မြေပဲယိုလုပ်ကိုင်သူ ကိုအောင်အောင်ထံမှ သိရသည်။

စျေးကွက်အနေဖြင့် ဖြူးမြို့ပေါ်နှင့် ကညွတ်ကွင်းမြို့၊ ဇေယျဝတီမြို့၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်၊ ပဲခူး၊ တောင်ငူဒေသများမှ ပြန်လည်ရောင်းချလိုသူများမှ အနည်းဆုံး တစ်သိန်းဖိုးခန့်မှာယူပါက လိုင်းကားများဖြင့်ပို့ပေးကြောင်း၊ ဖြူးကားဝန်းအတွင်းဆိုင်များ၊ ကားဂိတ်များတွင်လည်း ခရီးသွားများမှ ဖြူးလက်ဆောင်မွန်အနေဖြင့် ဝယ်ယူသွားလေ့ရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)