ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား လတ်တလော သက်သာချောင်ချိမှုရှိစေရေးအတွက် အထောက်အပံပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ခေတ္တမြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းမှ (၂၀၂၃)ခုနှစ်အတွင်း လေပြင်းဘေး (၁၂)ကြိမ်၊ ကမ်းပြိုဘေး (၁)ကြိမ်နှင့် ရေဘေး(၁)ကြိမ် ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၈၅၁၇၄၅၅၀ိ/-)သိန်းအထိရှိခဲ့ပြီး ကျပ်(၁၀၃၃၉၅၀၀ိ/-)သိန်းကိုလည်းကောင်း၊ (၂၀၂၄)ခုနှစ်အတွင်း လေပြင်းဘေး (၇)ကြိမ်၊ ကမ်းပြိုဘေး (၃)ကြိမ်၊ ရေဘေး(၂)နှင့် မိုးကြိုးဘေး (၁)ကြိမ် ဖြစ်ပွားခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် (၆၇၃၄၃၀၀၀ိ/-)သိန်းအထိရှိခဲ့ရာ ကျပ်(၉၃၅၅၃၀၀ိ/-) သိန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ မိမိတို့ဆောင်ရွက်ထားရှိမှုအ​ခြေအနေများ၊ အခက်အခဲများ၊ လုပ်ငန်းစဥ်များ​အား တစ်ဦးချင်းအပြန်အလှန် တင်ပြတိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)