ပဲခူး ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးတင်ဆွေ၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ကန်သာယာစာကြည့်တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စာကြည့်တိုက်ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည်ရှုခဲ့ကြပြီး စာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ လူငယ်များ စာပေဖတ်ရှုမှု များပြားလာစေရေးနှင့် စာကြည့်တိုက်အား အစဉ်အမြဲဖွင့်ထားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စာကြည့်တိုက်သို့ စာပေလာရောက်ဖတ်ရှုနေသည့် လူငယ်များအား ဂုဏ်ပြုငွေများပေးအပ်ခဲ့ပြီး စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်/စာဆောင်များနှင့် အလှူငွေကျပ်သိန်း (၃၀) ပေးအပ်ခဲ့ကာ စာကြည့်တိုက်ဖွင့်ပွဲတွင် လာရောက်ဖျော်ဖြေခဲ့သည့် မြန်မာ့ရိုးရာ အကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)