သတင်းများ

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 24,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 24,2025
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မြို့နယ်အတွင်း မီးလောင်မှု မီးလန့်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်စစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက မြို့မဈေးကြီးနှင့်  မြို့မတောင်ရပ်ကွက်တို့တွင် မီးဘေးစစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းမှ KG ကလေးများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းတွင်းအာဟာရကျွေးခြင်း (School Meal) ဖွင့်ပွဲအခမ်းအနားကို (၁၄)လမ်း အ.မ.က ကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
မုဒုံမြို့၌ ကျောင်းတွင်းအာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်
Jan 24,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည်။
ကြံခင်းမြို့နယ်၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးမွမ်းမံ အမှတ်စဥ် (၁/၂၀၂၅) သင်တန်းသားများ စုဖွဲ့လေ့ကျင့်မှုဆောင်ရွက်
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေးမွမ်းမံ အမှတ်စဉ်(၁/၂၀၂၅)သန္ဓေ မီးသတ်နှင့်အရန်မီးသတ် တပ်ဖွဲ့ဝင်သင်တန်းသားများ စုဖွဲ့လေ့ကျင့်မှုကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါရုံးဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
Jan 24,2025
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာန၏ ယာယီနေရပ်စွန့်ခွာသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ထိခိုက်လွယ်အုပ်စုများအား ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ထိခိုက်လွယ်အုပ်စုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ စာပေချစ်မြတ်နိုးသူများ ပေါ်ထွန်းလာစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။