မုံရွာမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

မုံရွာ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဌေးဦးဆောင်သော ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်-၃ ထပ်တိုးဆောင်ရွက်သည့် အစီအစဥ်ဖြင့် မုံရွာမြို့ အမှတ်(၉၂၉) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ ‌မွန်းလွဲ ၂ နာရီက အဆိုပါ  အမှတ်(၉၂၉) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးဆန်းအောင်က အမှာစကားပြောကြားပြီးနောက် တာဝန်ရှိသူများနှင့်အတူ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ရာတွင် အသက် (၁၀) နှစ်ပြည့် ကျား ၂၄ ဦး၊ မ ၂၄ ဦး၊ အသက် (၁၈)နှစ်ပြည့် ကျား ၂ ဦး၊ မ ၂ ဦး၊ ဟောင်းနွမ်းပျောက်ဆုံး ကျား ၂၀ ဦး၊ မ ၁၄ ဦး၊ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် လဲလှယ် ကျား ၉ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၀၀ ဦးနှင့် အိမ်ထောင်စုလူဦးရေးစာရင်း (၂၀)စုကို လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)