ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်​ရေးအဖွဲ့ (သာကေတမြို့နယ်) အလုပ်အမှုဆောင် ခန့်အပ်လွှာပေးအပ်

သာကေတ ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမ၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ သာကေတမြို့နယ်၏ အလုပ်အမှုဆောင်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ကကျင်းပရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးနှင့် သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးညွန့်ဝေတို့က အဖွင့်အမှာစကားများ​ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင် (၂) ဦးညွန့်ဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း၊  ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တိုင်းအဆင့်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများက သာကေတမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင် ခန့်အပ်လွှာများပေးအပ်ရာ သာကေတမြို့နယ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတိုးလင်းနှင့် အလုပ်အမှုဆောင်များက လက်ခံရယူခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တိုင်းအလုပ်အမှုဆောင် ဦးအေးသိန်းက အသင်းကြီးမှထုတ်ဝေသည့်စာအုပ်များကို လက်ဆောင်ပေးရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးညွန့်ဝေက လက်ခံရယူခဲ့သည်။ ထို့နောက် သာကေတမြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလင်းက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဥက္ကဋ္ဌဦးထွန်းထွန်းဦးက နိဂုံးချုပ်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်

ဆောင်းနှင်းဖြူ(ပြန်/ဆက်)