ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာရှင်များအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးရာတွင် တောင်ငူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးအဖွဲ့၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများ ပူးပေါင်း၍ အထွေထွေရောဂါပြသူ (၄၁) ဦး၊ ခွဲစိတ်ရောဂါပြသူ (၉) ဦး ၊ မျက်စိရောဂါပြသူ (၄၂) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါပြသူ (၁၀) ဦး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးရောဂါပြသူ (၁၄) ဦး၊ အရိုးရောဂါပြသူ (၃၀) ဦး၊ သွားနှင့်ခံတွင်းရောဂါပြသူ (၅၅) ဦး၊ သားဖွားမီးယပ်ပြသူ (၁၀၃) ဦး၊ စိတ်ကျန်းမာရေးပြသူ (၂) ဦး၊ အရေပြားရောဂါပြသူ (၁၄) ဦး၊ ဓာတ်ခွဲပြသူ (၃) ဦး၊ စုစုပေါင်းလာရောက်ပြသသူ (၃၂၃) ဦးတို့ကို ကွင်းဆင်းကုသဆောင် ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆေးကုသရာသို့ ပဲခူးတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုး၊ တောင်ငူခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)