အုတ်တွင်း ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ အုတ်တွင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်၊ တောင်ငူခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာနေစိုးနှင့် အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်တို့က အုတ်တွင်းမြို့နယ်အတွင်းရှိ အင်ဒိုင်းကျေးရွာ၊ နတ်စင်ကုန်း ကျေးရွာများသို့သွားရောက်၍ ကျေးရွာနေပြည်သူများ၊ မွေးမြူသူတောင်သူများအား မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနည်းပညာများ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးရေးနှင့် အရင်းအနှီးသွင်းအားစုရရှိရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေး ပညာပေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)