ရွှေဘိုသူနာပြုသင်တန်း​ကျောင်း အပတ်စဥ်(၅) သူနာပြု-သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ရွှေဘို ဇန်နဝါရီ ၂၅

စစ်ကိုင်တိုင်းဒေသကြီး၊ ​ရွှေဘိုသူနာပြုသင်တန်း​ကျောင်းတွင် အပတ်စဥ်(၅) ပထမနှစ် သူနာပြုသားဖွားဒီပလိုမာသင်တန်းမောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ​ကျောင်းရှိ သ​ပြေညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ​ ရွှေဘိုခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန့်​ဇော်လင်းက​ အဖွင့်အမှာစကား​ပြောကြားရာ ရွှေဘိုခရိုင်အတွက် မင်္ဂလာရှိ​သော ဂုဏ်ယူဖွယ်ရာ​နေ့ထူးနေ့မြတ်ဖြစ်ပါ​ကြောင်း၊ ကမ္ဘာ့ပြည်သူလူထုကျန်းမာ​ရေး အဆင့်မြင့်မား​စေရေးအတွက် မြှင့်တင်ကြရာတွင် သူနာပြုများ၏အခန်းကဏ္ဍသည် များစွာအ​ရေးကြီးပါကြောင်း၊ ပြည်သူအားလုံးအတွက် ကျန်းမာ​ရေး​စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရန် အရည်အချင်းပြည့်ဝ၊ ဘက်စုံထူးချွန်ပြီး ပြည်သူအားကိုးရ​သော သူနာပြုဆရာ၊ ဆရာမများဖြစ်အောင် ကြိုးစားသင်ယူကြရန် တိုက်တွန်းစကား​ပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း စီမံခန့်ခွဲ​ရေးအဖွဲ့ဥက္ကဋ္ဌ ရွှေဘိုခရိုင်ဆေးရုံအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား​ပြောကြားခဲ့ပြီး ပညာ​ရေးအဖွဲ့ဥက္ကဋ္ဌ ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ကေသွယ်မိုးက သင်တန်း​ရေးရာများကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ​အကြီးတန်းကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား​ပြောကြားကာ (၅/၂၀၂၅) မောင်မယ်သစ်လွင်များက တစ်ဦးချင်းမိတ်ဆက်စကား​ပြောကြားခဲ့ပြီး ​​မောင်မယ်သစ်လွင်များမှ King & Queen ​​ရွေးချယ်ပေးခဲ့ပြီး အားလုံးကိုယ်စား ကျောင်းသူတစ်ဦးက ကြိုဆို​ပေးသည့်အတွက်​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားကာ “ကရုဏာအလင်း”တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့​ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒုခရိုင်အုပ်ချုပ်​ရေးမှူး၊​ ဆေးရုံးအုပ်ကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် သူနာပြုအုပ်ဆရာမကြီးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)