ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၆)ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးနှင့် ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် လာရောက်သင်ကြားပေးသော ဆရာ / ဆရာမများအား ပူဇော်ကန်တော့ပွဲနှင့်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဒဂုံတောင် ‌ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစုဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက  ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးနှင့် ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် လာရောက်သင်ကြားပေးသော ဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ခြင်းနှင့် စာဖြေကျောင်းသား/ ကျောင်းသူများအား ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို ဗုဒ္ဓပူဇနိယတေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ကြပြီး ပွဲဦးဆောင်ကျင်းပသည့် ထိုင်းနိုင်ငံမှ ဓမ္မကာယကျောင်းတိုက်ဆရာ‌‌တော်ဘုရားကြီးအားရည်မှန်း‌၍ တက်ရောက်လာသူများနှင့် ကျောင်းသားကျောင်းသူများက မေတ္တာပို့သကြသည်။ ထို့နောက် အမှတ်(၁)ဒေါ်မြင့်မြင့်က အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အဖွင့်အမှာစကားပြောကြာပြီး ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးနှင့် ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် လာရောက်သင်ကြားပေးသော ဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ခဲ့ကြပြီးနောက်  ပြိင်ပွဲတွင် စာဖြေကျောင်းသား/ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခြင်းကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေးနှင့် ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် လာရောက်သင်ကြားပေးသော ဆရာမကြီး တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ကျောင်းသားကျောင်းသူကလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး  အခမ်းအနားရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

နေမျိူးအောင်