ကျိုက်မရောမြို့နယ်၌ ကျောင်းတွင်းအာဟာရများ ကျွေးမွေး

ကျိုက်မရော ဇန်နဝါရီ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာမူလတန်း (လွန်) ကလိုင်းကနိုင်ကျောင်းနှင့် အမှတ် (၆) မူလတန်းကျောင်းတို့၌ ကျွေးမွေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မူလတန်းလွန်ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက KG ကျောင်းသား၊ ကျောင်းသူ (၆၆) ဦးတို့အား လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြော သန့်စင်ပေးပြီး အသားဓတ်၊ ကစီဓတ်၊ အဆီဓတ်၊ ဗီတာမင်ဓာတ်သတ္တူဓာတ်နှင့် ရေဓာတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဇင်ထွန်းနှင့်အဖွဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်း များက သွားရောက်ကြည်ရူခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)