မိုးနဲမြို့နယ်၌ ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချသည့် ဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မိုးနဲ ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဓာတ်မြေသြဇာ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးခွန်မောင်ဟိန်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်မြေစာရင်းဦးစီးမှူး  ဦးထွန်းဝင်းတို့ပူးပေါင်း၍  မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များတွင် ယူရီးယားဓာတ်မြေဩဇာများကို ဒေသအလိုက်သတ်မှတ် ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရေးသုံး ပစ္စည်းများကို စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍  သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

မျိုးညွန့်ရွှေ(မိုးနဲ)