လက်ပံတန်း ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က (၃) မူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဟာရကျွေးမွေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က (၃) မူလတန်းကြိုကျောင်းမှ ရင်သွေးငယ် ကျား ၁၉ ဦး မ ၂၇ ဦး စုစုပေါင်း ၄၆ ဦးအား ကြက်ဥ၊ ပဲဟင်း၊ ငှက်ပျောသီး အာဟာရများ ကျွေးမွေးခြင်း၊ အရပ်၊ ကိုယ်အလေးချိန် တိုင်းတာခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းတွင်းအာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ရင်သွေးငယ်များအားကျွေးမွေးခြင်းကို မြို့နယ်အတွင်းရှိ ကျောင်းများတွင် ဇန်နဝါရီ ၂၇၊ ၃၁ နှင့် ဖေဖော်ဝါရီ ၃ ရက်နေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)