သရက်မြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

သရက် ဇန်နရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်၊ သစ်‌တောဦးစီးဌာနက ကျင်းပြုလုပ်သည့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အ.ထ.က(ခွဲ) အ.လ.က(၃) ကျောင်းခန်းမတွင် ကျင်းပခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် သစ်တောဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်တင်မှ မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခဲ့ပြီး မြို့နယ်ဦးစီးအရာရှိ ဦးဟန်မင်းထွန်းက ရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တောအုပ်ကြီး ဦးပွားအောင်က သစ်တော်ပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။

ဇော်ထက်(သရက်)