သာယာဝတီ ဇန်နဝါရီ ၂၈
သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် အ.လ.က (သာယာဝတီ) ၌ ကျင်းပသည်။
အခမ်းအနားတွင် သာယာဝတီမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစောအယ်ကလူစိုးမိုးက မီးခိုးမြူငွေ့လျှော့ချရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူ ညစ်ညမ်းမှုထိန်းသိမ်းရန်နှင့် FireHotspot များ လျော့နည်းကျဆင်းအောင် တောမီးရှိခြင်း၊ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်ရန်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်က မီးခိုးမြူငွေ့ဆိုင်ရာအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)