ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၂) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှော်ဘီမြိုနယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောပြိုင်ပွဲအား ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မှော်ဘီမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက ဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်ပြီး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအား ကျင်းပခဲ့ရာ ကျောင်းသူ/ကျောင်းသားများက သိရှိလိုသည်များအား မေးမြန်းကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက သိရှိလိုသည်များအား ရှင်လင်းဖြေကြားပေးခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ဆက်)