ချောင်းဆုံမြို့နယ်၌ သစ်တောထိန်းသိမ်းရေး ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

ချောင်းဆုံ ဇန်နဝါရီ ၂၈        

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် သဘာဝသစ်တော သစ်ပင်များ စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချနိုင်ရေး အသိပညာပေးဟောပြောပွဲကို မော်လမြိုင်(တွဲဖက်) ချောင်းဆုံမြို့နယ်သစ်တောဦးစီးဌာနမှ ဇန်နဝါရီ(၂၅)ရက်နေ့က ဒေါင်းရပ်အရှေ့ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်၊၊

အဆိုပါ အသိပညာပေးဟောပြောပွဲကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြပြီး မော်လမြိုင်(တွဲဖက်)ချောင်းဆုံမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ၊ ရေသယံဇာတထိန်းသိမ်းရေး ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိကောင်းစရာများ အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)