ရေတာရှည်မြို့နယ် သီတဂူဗြဟမဝိဟာရီကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

ရေတာရှည် ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ လူတိုင်းသက်ရှည်ကျန်းမာစေရန်ရည်ရွယ်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေတို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီတဂူဗြဟမဝိဟာရီ (ပရဟိတအသက်မွေးဝမ်းကျောင်း)သို့သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ ဆေးရုံအုပ်ဒေါ်ခင်စန်းလှိုင်မှ သင်တန်းသူ(၃၀)ဦးအား ဆောင်းရာသီတွင်ဖြစ်တတ်သော ရောဂါများမှ နှာစေး၊ ချောင်းဆိုးရောဂါပြုစုခြင်းအကြောင်းကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီးနောက် လက်ထောက်တိုင်းဆေးမှူးများ၊ တိုင်းရင်းဆေးဝန်ထမ်းများနှင့်အတူ သီလရှင်ဆရာကြီးများ၊ သင်တန်းသူများ၊ ရပ်ကွက်အတွင်းရှိသူ(၁၃၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)