ပြည်ကြီးမဏ္ဍိုင်မြို့တွင် တာဝန်ရှိသူများပူးပေါင်း၍ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ  ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ  လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော  ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၉)နာရီခွဲ  အချိန်က တာဝန်ရှိသူများ  ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် တာဝန်ရှိသူများက လက်လီ/ လက်ကားဖြန့်ဖြူး  ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း၊ ရောနှောရောင်းချြခင်း၊  မမှန်မကန် ဆောင်ရွက်ခြင်းများနှင့် သတ်မှတ်ဈေးနှုန်းဖြင့်  ရောင်းခြင်း ရှိ/ မရှိကို  လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ကုန်ဈေးနှုန်း တည်ငြိမ်ရေးအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)