တာမွေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တာမွေ      ဇန်နဝါရီ      ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်(၁၄၀)လမ်း အမှတ်(၃၆/အေ)ရှိ RCC (၁)ခန်း (၈)ထပ် တိုက်အမျိုးအစား (၄)လွှာတွင် ဇန်နဝါရီလ(၂၆)ရက်နေ့ ည(၈)နာရီ(၂၀)မိနစ်အချိန်က  အိပ်ခန်းအတွင်းရှိ မီးကြိုးခွေတပ်ဆင်ထားသော မီးပလပ်ခေါင်း အပူလွန်ကဲ၍ အရည်‌ပျော်ပြီး မီးပွားကျရာမှ အောက်ရှိမွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အရေးပေါ်ယာဉ်(၁)စီး၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ ည(၈)နာရီ(၄၀)မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အဝတ်အစားများနှင့်မွေ့ယာတစ်ခုတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ငှား ဒေါ်တင်အေးဝင်းအား တာမွေမြို့မရဲစခန်းမှ (ပ) ၃၀/ ၂၀၂၅ / ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)