ကျောက်တန်း ဇန်န၀ါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် ကျောက်တန်းမြို့၊ အောင်မိုးခိုင်ဂဏန်းပျော့မွေးမြူရေးလုပ်ငန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများကိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်း ဦးဆောင်၍ သွားရောက်စစ်ဆေးခဲ့ရာတာဝန်ခံမှ ရှင်းလင်းတင်ပြပြီး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ရာ Fire Safety Certificate ရယူထားမှုမရှိခြင်း၊ မီးသတ်ဆေးဘူးများ ထပ်မံဖြည့်တင်းထားရှိရန်၊ ကိုင်းမြက်များအားရှင်းလင်း၍ မီးတားလမ်း ဖောက်လုပ်ထားမှုမရှိခြင်း အားနည်းချက်များအား အမြန်ပြုပြင်လိုက်နာဆောင်ရွက်သွားရန်မှာကြားပြီး စနစ်တကျစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)