သထုံ ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ စီမံမှုဖြင့် KG ကျောင်းသားကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး၊ မြို့နယ်ပညာရေးမှူးဦးမြင့်ထွေးနှင့် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများက နေ့လယ်စာအာဟာရကျွေးမွေးရေး စနစ်တကျ စီမံချက်ပြုတ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပေးကာ KG ကျောင်းသားကျောင်းသူတို့အား အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်စသည့် အာဟာရဓာတ်များပြည့်စုံကြွယ်ဝသည့် နေ့လယ်စာအဟာရတို့ကို စနစ်တကျ ကျွေးမွေးခဲ့ကြသည်။
အဆိုပါ ကျောင်းတွင်းနေ့လယ်စာ အာဟာရကျွေးမွေးခြင်းကို သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့၌ တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်းဖြစ်ပြီး ယင်းသို့ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်