ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌  လူငယ်စာဖတ်ဝိုင်း ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၉

ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူထုရှေ့၌ ပြောဆိုဆွေးနွေးတက်သည့် အမှုအကျင့်များရရှိလာစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌  လူငယ်စာဖတ်ဝိုင်းကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြသည်။

လူငယ်စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လူငယ်စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို  ပြောကြားသည်။

ထို့နောက် လူငယ်စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်း စာအုပ်ပါ အကြောင်းအရာများ ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသည့် စာရေးဆရာများဖြစ်သော ဆရာအညာသားဗထူး၊ ဆရာအိုင်ပီမျိုးအောင်၊ ဆရာသဘာဝ၊ ဆရာယုံလေး၊ ဆရာကျော်လွင်မြင့်-မှော်ဝန်း၊ ဆရာမြင့်မောင်(နေပြည်တော်)၊ ဆရာခိုင်မင်း (နေပြည်တော်)တို့က ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးချက်များ၊ စာအုပ်ပါအကြောင်း အရာများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)