မလှိုင် ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အမှတ်(၄)ရပ်ကွက်၊ အမှတ်(၄)ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က၊မြို့သစ်)ရှိ (KG)တန်းမှ ကျောင်းသား/ကျောင်းသူများအား ယမန်နေ့(၁၁)နာရီအချိန်က ကျောင်းတွင်း အာဟာရကျွေးမွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မူလတန်းအဆင့်(KG)တန်းရှိ ကျောင်းသား/ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးဆောင်ရွက်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ထို့ကဲ့သို့ ကျောင်းတွင်းအာဟာရ ကျွေးမွေးဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစစ်ဆေးခဲ့သည်။
ထိုကဲ့သို့ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းစဉ်အား မလှိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၈၅)ကျောင်းရှိ မူလတန်းအဆင့်(KG)တန်းမှ ကျောင်းသား/ကျောင်းသူ (၂၆၆၃)ဦးတို့အား ဇန်နဝါရီလအတွင်း(၂)ကြိမ်၊ ဖေဖေါ်ဝါရီလအတွင်း(၁)ကြိမ် စုစုပေါင်း(၃)ကြိမ် ကျွေးမွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မလှိုင်(ပြန်/ဆက်)