ရွှေဘိုတက္ကသိုလ်၌ ဒသမအကြိမ်​မြောက်ဘွဲ့နှင်းသဘင် ကျင်းပ

​ရွှေဘို ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ဒသမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ​ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး ၂၀၂၃ နှင့် ၂၀၂၄ ပညာသင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် ​နေ့သင်တန်း၊ အ​ဝေးသင်သင်တန်းတို့တွင် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်(မဟာ​၊ ဂုဏ်ထူး၊ ရိုးရိုး)ဘွဲ့ အသီးသီးအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ကြသည့် မောင်မယ်များအား ဘွဲ့လက်မှတ်အသီးသီး အပ်နှင်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့​ ရွှေဘိုခရိုင်စီမံအုပ်​ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ စစ်နယ်​မြေမှူးနှင့်အရာရှိစစ်သည်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာ မျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး​ဒေါက်တာတင်တင်ရီနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့် ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အဆိုပါ ​ ဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို အပိုင်း(၂)ပိုင်းခွဲ၍ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်းတက်​ရောက်ဘွဲ့ယူသူ(၉၀၄)ဦးရှိ​ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်