ကျောင်းကုန်း ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မဈေးကြီးတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ရှေးဦးစွာ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် ရေကိုအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းတို့ကို မြို့နယ်မီးသတ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးအတွင်းရေးမှူး ရဲမှူးအောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်အဖွဲ့ဝင်(၃)ဦးမြတ်ဇော်မင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးတင်ဝင်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်ဝန်ထမ်းများ၊ မြို့မဈေးကြီးကြပ်ရေးအဖွဲ့များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)