ချောက်မြို့နယ်၌ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (၄၆)ကြိမ်မြောက် ၃၈ ရှစ်ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ချောက် ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်း (၄၆)ကြိမ်မြောက် ၃၈ ရှစ်ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ‌အောင်မြင်သူများဆုချီးမြှင့်ပွဲကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းအမှတ်(၂၀)က ကြီးမှူး၍ ယမန်‌နေ့မွန်းလွဲ ၁ နာရီအချိန်က ချောက်မြို့ ကျက်သရေဆောင်သာသနာ့ဗိမာန်၌ ဆုချီးမြှင့်ပွဲ‌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်တို့က အမှာစကားပြောကြားပြီး ချောက်မြို့ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အသင်း၏ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (၇၅)ကြိမ်မြောက် မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် အောင်မြင်ကြသော ကျောင်းသား/သူလေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးမင်းထွန်း၊ မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်၊ ချောက်မြို့ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်နှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဂုဏ်ပြုပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့​ကြသည်။ 

အဆိုပါ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) (၄၆)ကြိမ်မြောက် ၃၈ ရှစ်ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲအား ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၀)ကျောင်းမှ ကျောင်းသား/သူ (၅၅၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၁၂ ဦးအောင်မြင်ကာ အမှတ် (၁၀၀)ပြည့်​ဖြင့် အထူးအောင်မြင်သူ ၁၀ ဦးရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)