အ.ထ.က (မိုင်းနောင်)နှင့် အ.မ.က(၂၈၆) ကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်)ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းများဆောင်ရွက်

မိုင်းနောင် ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.က (မိုင်းနောင်)နှင့် အ.မ.က (၂၈၆) ကျောင်းတို့တွင် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်)ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများကို ယနေ့နေ့လယ် (၁၂)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အ.ထ.ကကျောင်းနှင့် အ.မ.ကကျောင်းများရှိ တာဝန်ခံ ဆရာ/ဆရာမများနှင့် တိုက်နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမေထားနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ (ပထမအကြိမ်)ကျောင်းတွင်းအာဟာရကျွေးမွေးပြီး ကလေးများကြိုက်နှစ်သက်သည့် အာဟာရများကို ဆန်းစစ်ကာ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်သတ္တုဓာတ်များပါဝင်သည့် ထမင်း၊ ဟင်းများဖြင့် (ဒုတိယအကြိမ်) ထပ်မံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆောင်ရွက်မှုသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၀)ဦးအား (ဒုတိယအကြိမ်)အဖြစ် ကျောင်းတွင်းအာဟာရ ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

မနန်း(ပြန်/ဆက်)