ပခုက္ကူ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် ပခုက္ကူခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွန်ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမအပါအဝင် ဆေးထိုးစုရပ် ၅ နေရာခွဲ၍ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အသက်(၁၈)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ဇန်နဝါရီလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer) ထပ်ဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)