တန့်ယန်းမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချ

တန့်ယန်း  ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ခန်းမ၌ ဆောင်ရွက်ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမိုင်းဟင်္သာထွန်းက လုပ်ငန်းလိုင်စင်များနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင် စုစုပေါင်း(၃၆)ခုအား စီးပွားရေးလုပ်ငန်းရှင်များက စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စျေးပြိုင်လေလံစနစ်ဖြင့် ယှဉ်ပြိုင်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)