ပင်းတယမြို့နယ်၌ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ပင်းတယ ဇန်နဝါရီ ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပွေးလှဈေးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပင်းတယမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ထွေးနှင့် အငယ်တန်းအင်ဂျင်နီယာ(၂)ဒေါ်အိအိခိုင်တို့က ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွေးလှဈေးလမ်းကတ္တရာလမ်းအရှည်မှာ (၀/၃ ဒသမ ၄၈ မိုင်)၊ အကျယ် (၁၂)ပေ၊ ဒုသုံးလက်မရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅  ဘဏ္ဍာရေးနှစ် ရန်ပုံငွေ (၈၆ ဒသမ ၃၂၁) ကျပ်သန်းဖြင့် Five &Two ကုမ္ပဏီက တာဝန်ယူ‌ဆောင်ရွက်ခဲ့ပြီး လမ်းပြီးစီးမှုမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)